PREMIUM WASH လုပ်တယ်ဆိုတာ ကားကိုဘယ်လိုဆေးတယ်ဆိုတာသိချင်သူများအတွက်

-Premium Wash ဆိုတာ ကားကို အစိတ်အပိုင်း (၄) ပိုင်းခွဲပြီး သက်ဆိုင်ရာအစိတ်အပိုင်းအလိုက် သတ်မှတ်ထားသော Meguiar's Products များကိုအသုံးပြုပြီးဆေးကြောပေးခြင်းဖြစ်ပါတယ်

အစိတ်ပိုင်း ၄ ပိုင်းက ဘာတွေလဲ?

-ကားဘော်ဒီအပြင်ပိုင်းတခုလုံး

-ကားအင်ဂျင်ခန်း

-ကားဘီးဂွင်များနှင့်ကားအောက်ပိုင်း

-ကားအတွင်းခန်းတခုလုံး

အစိတ်အပိုင်း ၄ ခုကိုဘယ်လိုတွေဆေးမှာလဲ?

-ကားဘော်ဒီအပြင်ပိုင်းတခုလုံး

🟡 ပထမဦးစွာကား body ပတ်လည်ကို “𝐂𝐢𝐭𝐫𝐮𝐬 𝐖𝐚𝐬𝐡 𝐚𝐧𝐝 𝐆𝐥𝐨𝐬𝐬”ဆိုတဲ့Car washing soap ကိုအသုံးပြုပြီးFoam Gun နဲ့ထိုးပေးပြီးဆေးသားများကိုမထိခိုက်အောင်ဂရုစိုက်စွာဖြင့်ရေဆေးကြောပေးပါတယ်။ရေဆေးပြီးတာနဲ့ သန့်ရှင်းသောပုဝါများကိုအသုံးပြု၍ရေစင်စေရန်အခြောက်သုတ်ပေးပြီးရေစက်များမကျန်စေရန် air pressure gun ဖြင့်ထပ်မံမှုတ်ပေးပါတယ်။

အထက်ပါအဆင့်တွေပြုလုပ်ပြီးလျှင် ကားတစီးလုံးကို စနစ်တကျသန်ရှင်းရေးလုပ်ပေးပြီးသောအခါ “ 𝐁𝐮𝐭𝐭𝐞𝐫 𝐖𝐞𝐭 𝐖𝐚𝐱”ဖြင့်ကား၏ဆေးသားကိုတောက်ပြောင်စေရန် ဖယောင်းတိုက်ပေးပါတယ်။

-ကားအင်ဂျင်ခန်း

🟡 ဒုတိယအဆင့်အနေနဲ့ကတော့ ကား၏အင်ဂျင်ခန်းကိုဆေးကြောပေးခြင်းဖြစ်ပါတယ်။အင်ဂျင်ခန်းမှာရှိနေသောဂျိုးများ,မီးခိုးမှိုင်းများကို ပြောင်စေရန် “ 𝐎𝐫𝐚𝐧𝐠𝐞 𝐃𝐞𝐠𝐫𝐞𝐚𝐬𝐞𝐫”ဆေးရည်ဖြင့် အင်ဂျင်ခန်းကိုသန်ရှင်းစေရန်စနစ်တကျဆေးကြောပေးခြင်းဖြစ်ပါတယ်။အင်ဂျင်ခန်းသာမကပဲ တံခါးဘောင်နှင့်နောက်ဖုံးကြားရှိဂျိုးများကိုလဲ အထက်ပါဆေးရည်ကိုအသုံးပြုပြီးဆေးကြောပေးပါတယ်။

-ကားအတွင်းခန်းတခုလုံး

🟡 တတိယအဆင့်ကတော့ကားအတွင်းခန်းကိုသန့်ရှင်းရေးလုပ်ပေးတာဖြစ်ပါတယ်။ကားအတွင်းပိုင်းကိုသန့်ရှင်းရေးလုပ်ရာတွင်အရင်ဆုံးလေမှုတ်ပေးပါတယ်။လေမှုတ်ပြီးတော့မှကားအတွင်းခန်းရှိထိုင်ခုံများ၊ခြေနင်းခွက်အပေါ်နှင့်အောက်ရှိသဲများ၊တံခါးလက်တင်မှန်တင်မှန်ချပြုလုပ်ပေးသောနေရာရှိဖုန်များကိုစနစ်တကျစုပ်ပေးမှာဖြစ်ပါတယ်။အထက်ပါအဆင့်တွေပြုလုပ်ပြီးပြီဆိုမှ

“𝐕𝐑𝐏 𝐃𝐫𝐞𝐬𝐬𝐢𝐧𝐠” ဆိုတဲ့ဆေးရည်ကိုအသုံးပြုပြီး Dashboard,ရှေ့နောက်တံခါးဘောင်,ဂီယာတံဘေးပတ်လညှ်ကော်အမဲများကိုတောက်ပြောင်စေရန်တိုက်ပေးပါတယ်။

-ကားဘီးဂွင်များနှင့်ကားအောက်ပိုင်း

🟡 နောက်ဆုံးအဆင့်အနေနဲ့ ကားအောက်ပိုင်း,ကားတာယာများ,သဲကာနဲ့ရွှံကာများတွင်ကပ်နေသောချေးများကိုစနစ်တကြသေသေချာချာ ဆေးကြောပေးပါတယ်။ဆေးကြောပေးပြီးနောက် “𝐁𝐚𝐫𝐞 𝐁𝐨𝐧𝐞𝐬 𝐃𝐚𝐫𝐤 𝐒𝐡𝐢𝐧𝐞”ဆေးရည်ကိုအသုံးပြုပြီး ရွှံကာနဲ့ အပြင်ဖိုက်ဘာများကိုတောက်ပြောင်စေရန်ပြုလုပ်ပေးပါတယ်။ကားတာယာများကိုတောက်ပြောင်စေရန် “𝐁𝐥𝐮𝐞 𝐆𝐮𝐚𝐫𝐝”ဆေးရည်ကို အသုံးပြုပေးပါတယ်။ကားအလွိုင်းများကိုတောက်ပြောင်စေရန် “𝐃𝐢𝐚𝐛𝐥𝐨 𝐆𝐞𝐥 𝐖𝐡𝐞𝐞𝐥 𝐂𝐥𝐞𝐚𝐧𝐞𝐫” ဖြင့်တိုက်ချွတ်ပေးပါတယ်။

Back to blog